ကျောက်ပန်းတောင်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းစစ်စာရင်းကောက်လုပ်ငန်းများ စတင်မှုအား မြို့နယ်တာဝန်ရှိသူများလှည့်လည်ကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ စာရင်းစစ်စာရင်းကောက်လုပ်ငန်းများကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကောက်ကွက်အလိုက် စတင်ဆောင်ရွက်နေပြီဖြစ်ရာ၊ အဆိုပါ စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို၊ ကျောက်ပန်းတောင်းမြို့နယ်၌ စာရင်းကောက်အဖွဲ့ဝင် ၁၇၇ ဦးနှင့် စာရင်းစစ်အဖွဲ့ဝင် ၅၂ ဦး စုစုပေါင်း ၂၂၉ ဦးဖြင့် ကောက်ကွက်ပေါင်း ၆၃၆ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်ခြင်းလုပ်ငန်ုးများကို စတင်ဆောင်ရွက်နေခြင်းဖြစ်ရာ၊ အဆိုပါသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် သန်းခေါင်စာရင်းကော်တီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်တို့က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ စာရင်းကောက်အဖွဲ့များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ အားပေး စကားပြောကြားပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)