အမ်း အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ် (၄) ရပ်ကွက်ရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယနေ့ နံနက်ပိုင်းအချိန်ကစတင်၍ ကွင်းဆင်းကောက်ယူမှုများကို ဆောင်ရွက်ခဲ့သည်။
သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Molile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာကောက်ယူကြောင်း သိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမ်းခရိုင်ဦးစီးမှုး(ယာယီ) ဦးဇော်ဇော်ထွဋ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များက လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်