ကျိုက်မရောမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများအား တာဝန်ရှိသူများကြည့်ရူ အားပေး

ကျိုက်မရော အောက်တိုဘာ  ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုများအား ယနေ့နံနက်ပိုင်းက မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မူကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်တို့က ရပ်ကွက်/ ကျေးရွာများအတွင်း လှည့်လည်ကြည့်ရူအားပေးခဲ့သည်။

သန်းခေါင်းစာရင်းကောက်ယူရာ၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စာရင်းကောက်ကွက်များ၌  စာရင်းကောက်သူများက လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများအား စနစ်တကျမေးမြန်းနေမူများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံကြည်ရူအားပေးကာ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

ကျိုက်မရောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက် ကွက်ပေါင်း(၁၇၈)ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ဦးဆောင်  ကြီးကြပ်မူဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းသန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက်(၁၀၉) ဦးတို့မှ  လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။

ချိူမြတ်မြတ်ထွေး(ပြန်/ဆက်)