ပင်းတယ အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပင်းတယမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr. မို့မို့ကြည်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ဒဏ်ခံခဲ့ရသည့်အိမ်များရှိ ရေနစ်မြှုပ်ခဲ့သည့် ရေလှောင်ကန်များအတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ အသုံးပြုနိုင်စေရန် သန့်ရှင်းသောရေရရှိစေရန်အတွက် Chlorine ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုနောက် ရွှေဥမင်သဘာဝလှိုဏ်ဂူဘုရားတောင်ခြေရှိ ဇေယျသိဒ္ဓိဓမ္မာရုံ၌ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောပေးပြီး၊ အထူးကုဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား (အခမဲ့) ဆေးကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်းမာရေးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)