ပုဇွန်တောင် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မြို့နယ်အတွင်း အထူးအုပ်စုအဖြစ် ကွင်းဆင်းကောက်ယူမှုကို ယမန်နေ့ညနေ (၄) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဟိုတယ်(၁၁)လုံး၊ ငါးလုပ်ငန်း (၂)ခု၊ ဆီလုပ်ငန်း(၁)ခုနှင့် တန်းလျား(၁)ခုတို့တွင် တည်းခိုနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ အတွင်းရေးမှူး ဦးမိုးကျော်သူညွန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကိုရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက် အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်