သင်္ဃန်းကျွန်းမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

ရန်ကုန် အောက်တိုဘာ  ၁

နိုင်ငံတော်၏ ရှေးလုပ်ငန်းစဉ် (၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ယနေ့နံနက် ()နာရီမှစ၍ ဆောင်ရွက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၃၈)ရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ကွက် (၄၂၈)ကွက်ရှိပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးအဖွဲ့ပေါင်း (၃၃)ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ‌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း (၅၄)ဦးနှင့် ကျောင်းဆရာ၊ ဆရာမ (၁၅၅)ဦး စုစုပေါင်း (၂၀၉) ဦးပါဝင်သော အဖွဲ့ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ‌ နေ့စဉ် နံနက် (၇)နာရီမှ ညနေ (၆) နာရီအထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သူရိန်(ပြန်/ဆက်)