နောင်တရား အောက်တိုဘာ ၁
(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနန်းနှင်းအိခိုင်က အသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူး ဒေါက်တာနီနီဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက ခွေးရူးရောဂါကာကွယ်ရေးအတွက်အရေးကြီးသည့် အိမ်မွေးခွေးများကို ကာကွယ်ဆေးထိုးနှံခြင်း ခွေးရူးရောဂါဖြစ်ပွားပါက ကုသမှုအခြေအနေများကို ဟောပြောသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၉၈ ဦးတက်ရောက်သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ခွေး (၃၀) ကောင်းအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)