တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးအဖွဲ့ဝင်များမှ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်း

တပ်ကုန်း အောက်တိုဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နာယကများပူးပေါင်း၍ မြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာအိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

အဆိုပါထောက်ပံ့လှူဒါန်းရာတွင် ဘုရင့်နောင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၀၇ အိမ်၊ သပြေကုန်းကျေးရွာတွင် အိမ်ထောင်စု ၅၆ အိမ်၊ ကြို့ကုန်းကျေးရွာတွင် အိမ်ထောင်စု ၅၅ အိမ်၊ အဆုံ(ဇီးကုန်း) ကျေးရွာတွင် အိမ်ထောင်စု ၇၂ အိမ်တို့အတွက် စုစုပေါင်းထောက်ပံ့လှူဒါန်းငွေ ၁၄၆ သိန်းတို့ကို ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာအိမ်ထောင်စု လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြို့နယ်ဂီတအစည်းအရုံးအတွင်းရေးမှူးထံမှ သိရသည်။

တင်စိုးလွင်