သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌ ပျက်စီးသွားသည့် ၆/၈ တံတားအား ပြန်လည်ခင်းပေးပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့်  ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တတံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လမ်းဦးစီးဌာနမှအဖွဲ့ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီပြီဖြစ်၍ ပြည်သူများ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားပျက်စီးသွာသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့်မြစ်သားမြို့တို့အား ဆက်သွယ်ထားသော အတိုဆုံးလမ်းဖြစ်ကြောင်းနှင့် ပျက်စီးသွားသည့် ၆/၈ တတံတားအား ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ အမြန်ဆောင်ရွက်နိုင်ရေး ကျောက်ဆည်ခရိုင်လမ်းဦးစီးဌာနအဖွဲ့မှ အရှည်ပေ(၆၀) ဘေလီ တံတား Double Single တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြော လုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် မင်းစု၊ လေးဆယ်ကုန်း၊ ကသဲကုန်း၊ အင်ယောင်းကျေးရွာအုပ်စုကျေးရွာများ၏ ပြည်သူများအပြင် မင်းစု-ရွာမုန်း-ဒါးရဲကောင်း လမ်းနှင့်ဆက်သွယ်ထားသည့် လမ်းဖြစ်သည့်အတွက် အခြားဒေသ ပြည်သူ များအတွက် များစွာအကျိုးရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)