တောင်သာ စက်တင်ဘာ ၃၀
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း စသည်များအား ဟောပြောပြီးနောက် အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် နံရံကပ်ပြဘုတ်များ ပြသခဲ့ရာ စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၅၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)