ပြင်ဦးလွင်မြို့နယ်အတွင်း Burst Transmission Co.,Ltd ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁ /၂၀၂၄ ) ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်တွင် Burst Transmission Co.,Ltd ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁ /၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက သုံးတောင်ကျေးရွာရှိ Burst Transmission Co.,Ltd ၏ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် Burst Transmission Co.,Ltd ၏ အထွေထွေဌာန လုံခြုံရေးမှူး ဦးအောင်ကျော်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက မီးသတ်တပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းဟာ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်တစ်ခုဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်အပါအဝင် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ် ဖြစ်ပွားကြုံတွေ့ရပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက်နည်းပါစေရန် ကြိုတင်မျှော်မှန်း၍ ခရိုင်၊ မြို့နယ်များအလိုက် ယခုလို အကြိုအခြေခံမီးသတ်ပညာ သင်တန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် စနစ်တကျ လေ့လာသင်ယူ သွားကြရန် ပြောကြားခဲ့သည်။

အဆိုပါ Burst Transmission Co.,Ltd ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ( ၃၀-၉ -၂၀၂၄ ) ရက်နေ့မှ (၁၁-၁၀-၂၀၂၄ ) ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီ မှ ညနေ (၄) နာရီအထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၅) ဦးတို့အား နည်းပြဆရာများမှ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)