တပ်ကုန်း စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အဆုံ(ဇီးကုန်း)ကျေးရွာတွင် ရေဘေးကြောင့် ပျက်စီးခဲ့သော ကျေးရွာလမ်းနှင့် အိမ်ထောင်စုများအတွက် ရွှေနန်းတော်ပွဲရုံမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ထောက်ပံ့ခဲ့သည်။
အဆိုပါထောက်ပံ့ရာတွင် တပ်ကုန်းမြို့နေ ဦးတင်လွန်+ဒေါ်ရွှေခိုင် (ရွှေနန်းတော်ရုံ)မိသားစုမှ အဆုံ(ဇီးကုန်း)ကျေးရွာ၊ အိမ်ပျက်စာရင်းဝင် အိမ်ထောင်စု ၂၉ အိမ်အတွက် တစ်အိမ်လျှင် နှစ်သောင်းကျပ်နှုန်းအား အိမ်ထောင်စုလက်ဝယ် ထောက်ပံ့လှူဒါန်းခဲ့ပြီး ကျေးရွာလမ်းပျက်စီးမှုများပြုပြင်နိုင်ရေး ကျေးရွာတာဝန်ခံထံ တစ်သိန်းလေးသောင်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်