လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လယ်ဝေး စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့်စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၁၄ဦးနှင့်မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ၂၇ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)