လယ်ဝေး စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကြီးနစ်မြုပ်သည့် ကျေးရွာများတွင် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ပြည်သူများပြန်လည်နေထိုင်ရန်အတွက် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှစ၍ လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံမှ အထူးကုဆရာဝန်(အရိုး)နှင့် လက်ထောက်ဆရာဝန်များပါဝင်သော အဖွဲ့သည် ဟေမာန်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ အထွေအထွေရောဂါလူနာ ၅၅ ဦး၊ အရိုးလူနာ၂၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက် ကုသပေးခဲ့သည်။
တို့အတူ မြောင်းမြကျေးရွာ၊ ဆီဆုံကုန်းကျေးရွာများတွင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆေးကုသပေးခြင်း၊ ကလိုရင်းခတ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)