ညောင်ရွှေ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင် (RAGI)ရာဂိမုန်တိုင်းကြောင့် အသက်သေဆုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှသူများက (RAGI)ရာဂိမုန်တိုင်းကြောင့် အသက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်မှုတွင် သေဆုံးသူတစ်ဦးလျှင် နိုင်ငံတော်မှထောက်ပံ့ငွေကျပ် (၅)သိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ် (၃)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၂)သိန်း စုစုပေါင်း (၁၀)သိန်းကျပ်စီဖြင့် သေဆုံးသူ (၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၉၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ