မောက်မယ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းကောက်/စာရင်းစစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မောက်မယ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းကောက်/စာရင်းစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်သင်တန်းတွင် ပါဝင်တက်ရောက်သည့် ဆရာ/ဆရာမများနှင့် Volunteer များအား စာရင်းစစ်/စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းအား အဆင်ပြေချောမွေ့စွာကောက်ယူနိုင်ရေးအတွက် မောက်မယ်မြို့နယ်တွင် စာရင်းကောက်ကွက်ပေါင်း (၁၄၂)ကွက်တို့၌ ကောက်ကွက်တစ်ခုလျင် စာရင်းကောက် (၄)ဦး၊ စာရင်းစစ် (၁)ဦး ပေါင်း (၅)ဦးဖြင့် စာရင်းကောက်/စာရင်းစစ် (၅၅)ဦး (၁၁)ဖွဲ့တို့က စနစ်တကျကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။      

စိုင်းမျိုးသန့်(မောက်မယ်)