လှည်းကူးမြို့နယ်တွင် ၂၀၂၄  ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပ

လှည်းကူး   စက်တင်ဘာ    ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမတွင် စက်တင်ဘာလ ၂၈ ရက်နေ့  မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတွင်သင်ကြားခဲ့မှုများ ကို စနစ်တကျအထူးဂရုပြုလုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၇၇) ဦးအား ခန့်အပ်လွှာများ အသီးသီးပေးအပ်သည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ( ၁၇ )ရက်နေ့မှ စက်တင်ဘာ (၂၈) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၁၅) ဦးက  သင်တန်းသား၊ သင်တန်းသူ(၂၆၂) ဦးကို စာတွေ့၊ လက်တွေ့ သင်တန်းပို့ချပေးခဲ့ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)