သံဖြူဇရပ်မြို့နယ်အောင်ပင်လယ်(ဆင်ပုန်း)ကျေးရွာ (ဓမင်းဆိပ်)ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ်    စက်တင်ဘာ   ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနကကြီးကြပ်ဆောင်ရွက်သည့် အောင်ပင်လယ်(ဆင်ပုန်း)၊ မြစိမ်းရောင် (ငါးကဏ္ဍ)ကျေးရွာစီမံကိန်းက အကောင်အထည်ဖော်ဆောင်ရွက်သည့် အောင်ပင်လယ်(ဆင်ပုန်း)မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာ(ဓမင်းဆိပ်)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်နိုင်ဝင်း၊ မြစိမ်းရောင်ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးဌေးဝင်းတို့က အဆိုပါလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့သည်။

ယခုဖွင့်လှစ်သည့်လမ်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အောင်ပင်လယ်(ဆင်ပုန်း) မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာစီမံကိန်းကော်မတီ၏ အရင်းမပျောက်မတည်ရန်ပုံငွေကျပ် သိန်းသုံးရာ၏ (၁၀) နှစ်တာကာလအတွင်း အတိုးငွေ ငါးဆယ်ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သိန်းနှစ်ရာဖြင့် လမ်းအရှည် (၄၅၀) ပေ၊ အကျယ်(၁၂) ပေ၊ အမြင့် (၆) လက်မဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး ကျေးရွာရေလုပ်သားများအတွက် များစွာအထောက်အကူပြုသော လမ်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)