မိတ္ထီလာမြို့နယ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ  စက်တင်ဘာ   ၃၀

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်  ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စိုက်ပျိူးရေးအတွက် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း၊ အမှိုက်ကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊  စာကြည့်တိုက်အတွက် လိုအပ်သော စာအုပ်စင်၊  Wireless Wifi တပ်ဆင်ခြင်းကိုလုပ်ငန်း ခွင့်ပြုငွေကျပ် သန်း ၄၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနှိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ခွင့်ပြုငွေ ကျပ် သန်း ၄၀ ဖြင့် အရှည်ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်း  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အလျား ပေ ၂၉၀ ၊ အနံ ပေ ၈၀ ၊ အနက် ၆ပေ ရှိ စိုက်ပျိုးရေးအတွက် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၁၆၀ ၊အမြင့် ၆ပေ ရှိ ခြံစည်းရိုးကာရုံးခြင်း၊  အကျယ် ပေ ၃၀ ပတ်လည် အနက် ၅ ပေရှိ အမှိုက်ကန်တူးဖော်ခြင်းလုပ်ငန်းနှင့် စာကြည့်တိုက်အတွက် လိုအပ်သော စာအုပ်စင်၊  Wireless Wifi တပ်ဆင်ခြင်းကိုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)