သန်းခေါင်စာရင်းကောက်ယူရေး သန်လျင်၌ သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်  စက်တင်ဘာ ၃၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း လာမည့်အောက်တိုဘာ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြသည်။

အခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၇၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၀) ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ