ကလော စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီးစက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ကလောချောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကလောချောင်းအား ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချောင်းအား နဂိုမူလအတိုင်း ပြန်လည်စီးဆင်းရေးနိုင်ရေး နုန်းမြေ၊ အမှိုက်များဆည်ယူခြင်း၊ စက်ယာဉ်ယန္တရားတို့ဖြင့် ဆောင်ရွက်နေမှုလည်းကောင်း၊ ကလော-တောင်ကြီးသွားပြည်ထောင်စုကားလမ်းမကြီးအား ရေတိုက်စားမှုကြောင့် မြေပြိုပျက်စီးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)