တပ်ကုန်း စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကူညီလုပ်အားပေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးနယ်ဘက်မှ စေတနာရှင် ဆရာတော်နှင့် ပြည်သူများက အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ခဲ့ရာတွင် အုပ်ချုပ်သူ ဒုရဲမှူး မိုးဇော်နိုင်နှင့်ရဲတပ်ဖွဲ့ဝင် ၂၀၀ ဦးအတွက် ဆီ ၂၀ ပိဿာ၊ မားမားအထုပ် ၃၀ ပါ ဖာအကြီး ၁၁ ဖာ၊ ကော်ဖီမစ်အထုပ်ကြီး ၁၀ ထုပ်၊ အသင့်စားပေါင်မုန့် ၂၀၀ ထုပ်၊ ရေသန့် ၂၅ ကဒ်နှင့် အုပ်ချုပ်သူ ဒုရဲမှူး သန်းမြင့်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ဦးအတွက် ဆီ ၂၀ ပိဿာ၊ မားမား အထုပ် ၃၀ ပါ ဖာအကြီး ၁၁ ဖာ၊ ကော်ဖီမစ်အထုပ်ကြီး ၁၀ ထုပ်၊ အသင့်စားပေါင်မုန့် ၂၀၀ ထုပ်၊ ရေသန့် ၂၅ ကဒ်တို့အား ဒုရဲမှူးကြီးထွန်းခိုင်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်