ကျိုင်းတုံမြို့နယ် ရေးဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသပေး

ကျိုင်းတုံ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရေဘေးသင့်ပြည်များအား အထူးကုဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၂၈ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်ရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ပြည်သူများ ပြန်လည်နေထိုင်လျက်ရှိသည့်အတွက်  ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျိုင်းတုံဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကတ်ဖကျေးရွာအုပ်စုရှိ ရေဘေးသင့်ကျေးရွာများတွင် ကွင်းဆင်းဆေးကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ တာချီလိတ်မြို့နယ်တွင်း ရေဘေးသင့်​ခဲ့သည့် ရပ်ကွက်ကျေးရွာများတွင် တာချီလိတ်ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)