တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၁)ဦးအား စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။           

မင်းလွင်ဦး(တန့်ယန်း)