ပင်လောင်းမြို့နယ်၌ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာ​ပေးဟောပြောပွဲ ကျင်းပ

ပင်လောင်း စက်တင်ဘာ ၂၉

(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး​ရောဂါကာကွယ်တိုက်ဖျက်ရေး​နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခွေးရူးရောဂါနှင့်ပတ်သက်သည့် ခွေးရှုးရောဂါကာကွယ်ရေးသိကောင်းစရာများ၊ ခွေးရှုးရောဂါကူးစက်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရှုးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ ခွေးမှာ ခွေးရှုးရောဂါဖြစ်နေကြောင်း ခွဲခြားသိရှိမှု၊ လူတွင် ခွေးရှုးပြန်ရောဂါလက္ခာဏာများ၊ လူကို ခွေးကိုက်ခံရပါက ခွေးရှုးပြန်ရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအဆင့်ရုံးမှ မွေး‌မြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက ဟောပြောခဲ့သည်။

အဆိုပါ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး​ရောဂါကာကွယ်တိုက်ဖျက်ရေး​နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၉၈) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူအား ခွေးရူးရောဂါကာကွယ်‌ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း၊ ခွေးများကိုလည်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)