ပုဗ္ဗသီရိ စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ အောင်စည်သာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများသည် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ပေးရာ သမားတော်ပြသရန်နေရာ၊ အရိုးပြသရန်နေရာ၊ အရေပြားရောဂါပြသရန်နေရာ၊ ကလေးရောဂါပြသရန်များဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)