နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်၍ ပစ္စည်း (၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံးများ ပေးအပ်လှူဒါန်း

ပုဗ္ဗသီရိ စက်တင်ဘာ ၃၀

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ဝက်ကုန်းကျေးရွာ အောင်မေတ္တာဘုန်းတော်ကြီးကျောင်းတိုက်နှင့် ရွာတော်ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ မိုးကောင်းဓမ္မသုခကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်း (၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံးများကို ထောက်ပံ့ပေးအပ်ကာ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ထွန်း၊ ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ဝက်ကုန်းကျေးရွာ အောင်မေတ္တာဘုန်းတော်ကြီးကျောင်းနှင့် ရွာတော်ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ မိုးကောင်းဓမ္မသုခကျောင်းတိုက်သို့ သွားရောက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးမှ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေကြီးမှုကြောင့် အိမ်ပြိုလဲပျက်စီးသွားသော ကြံဖိုစုကျေးရွာရှိ အိမ် (၃)လုံး၊ ချောင်းစောက်ကျေးရွာရှိ အိမ် (၅)လုံး၊ ရွာသစ်ကျေးရွာရှိ အိမ် (၂)လုံး၊ စက်ကုန်းကျေးရွာရှိ အိမ် (၂)လုံး၊ စုစုပေါင်း အိမ် (၁၂)လုံးအတွက် ပစ္စည်း (၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)