ကျိုင်းတုံ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးကြည်ဝင်းက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)မှ ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်က ကျီးပေါင်းရောဂါအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး၊ ကျိုင်းတုံ/တာချီလိတ်ခရိုင်တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင် - ၂ ဦးမင်းညိုက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်မှ ဆရာဦးဇော်လင်းက စာတမ်းရှင်အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)