မန္တလေးမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေး  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မန္တလေးမြို့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ၇က်နေ့ မွန်းလွဲ ၂ နာရီက မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဦး၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မန္တလေးမြို့ ကျောင်းအုပ်ကြီး ဒေါ်စန္ဒာမြင့်၊ သင်တန်းနည်းပြဆရာမ ဒေါ်နှင်းနှင်းအေး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက သင်တန်းဖွင့်ခဲ့မှုအပေါ် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး သင်တန်းတွင် ပထမဆုရရှိသူအား အပ်ချုပ်စက်တစ်စုံကို ချီးမြှင့်ပေးအပ်သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာဇင်က ဒုတိယဆုကိုလည်းကာင်း၊ လူမှုရေးရာဝန်ကြီး၏ဇနီး ဒေါ်ခင်စန်းဝင်းက တတိယဆုကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး  ဒေါ်ဆွေဆွေက နှစ်သိမ့်ဆု(၁)ကိုလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်၏ဇနီး ဒေါ်လှလှမြင့်က နှစ်သိမ့်ဆု(၂)ကိုလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက သင်တန်းတွင် ထူးချွန်ကြသူများကိုလည်းကောင်း၊ တိုင်းအလုပ်အမှုဆောင်၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များက သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ကြသည်။

အဆိုပါစက်ချုပ်သင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ သင်တန်းကာလ လေးပတ်‌ဖြစ်ပြီး သင်တန်းသူ ၁၆ ဦး တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)