ပုဗ္ဗသီရိ စက်တင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သပြေကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး သပြေကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲမှ မမိုးပြည့်စုံ (Grade-11) က “တန်ဖိုးရှိသောလူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အာကာကျော် (Grade-11)က “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမိုးမြင့်ချယ်ရီ (Grade-10) က “နှုတ်ဆိုစကားနားချိုစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းစေပိုင် (Grade-9)က “လူငယ်နှင့်သာသနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းပြည့်လျှံ (Grade-7)က “လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
သန်းသန်းနွယ် (ပုဗ္ဗ)