ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ်  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

ကျိုက်မရော စက်တင်ဘာ ၂၉

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်၌  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကို  ယမန်နေ့နံနက်၉နာရီကအ.ထ.က ကျိုက်မရော(ပညာအားမာန်) ခန်းမ၌ ကျင်းပသည်။

ဦးစွာ  မြို့နယ်အဆင့် သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန့်ဇင်က သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ယင်းနောက်  စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများအား မြို့နယ်အဆင့် သန်းခေါင်စာရင်းကြီးကြပ်မူကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများထံ  အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)