၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ​ ပြည်နယ် / ခရိုင် / မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဆရာ / ဆရာမများ၊ တပ်ရင်း/ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်၊ သန်ခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်က မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းစစ် / စာရင်းကောက် (၁၂၀၂)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်၍ စာရင်းစစ်/စာရင်းကောက်များဟာ မိမိမြို့နယ်အလိုက် တာဝန်ကျရာ သင်တန်းဆင်းပြီးရင် စာရင်းကောက်ကွက်များမှာ အောက်တိုဘာ (၁) ရက်နေ့ကစပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းကောက်ယူရန် သတ်မှတ်ထားသည့် လာမည့် အောက်တိုဘာ(၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး (၇၃.၆၃) ရာခိုင်နှုန်းကောက်ယူရန် ရည်ရွယ်ထားပြီး အောက်တိုဘာ (၁၅)ရက်နေ့ နောက်ပိုင်းတွင် လုံခြုံရေးထပ်မံရယူ၍ တစ်ပြည်နယ်လုံးရာနှုန်းပြည့် ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်အဆင့်နည်းပြအဖြစ် တာဝန်ပေးခန့်အပ်လွှာများကို မွန်ပြည်နယ်၊ သန်ခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်က တစ်ဦးချင်းပေးအပ်ခဲ့သည်။

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်မြို့နယ်အဆင့် နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၉၉)ဦးဖြင့် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်ပြည်နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးမြတ်သွင်က သန်ခေါင်းစာရင်းကောက်ယူရန် ကိစ္စရပ်များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့​ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)