မဟာအောင်မြေ စက်တင်ဘာ ၂၉
မဟာအောင်မြေမြို့နယ်၊ ၂ဝ၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူဆရာမ ဒေါ်ခိုင်စုဝေမှ စာရင်းစစ်၊ စာရင်းကောက်များ၏ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးကောင်းမြတ်ကျော်မှ သန်းခေါင်းစာရင်းကောက်ယူသွားမည့် လုပ်ငန်းစဉ်အား ရှင်းလင်းပြောကြားပြီးနောက် စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများကို သင်တန်းသား/ သူများအား တာဝန်ရှိသူများမှ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းနှင့်ပတ်သက်သည့် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၁၂)ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၄၄) ဦးတို့အား စက်တင်ဘာ (၁၇)ရက်နေ့မှ (၂၈ ရက်နေ့အထိ စာတွေ့/လက်တွေ့သင်ကြားပို့ချခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ရက်နေ့အထိ စာရင်းကောက်ယူရာတွင် မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် (၁၈) ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း ၃၇၆ ကွက်တို့၌ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက် (၁၂၃) ဦးတို့က စိစစ်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
(ရွှေတိုး)