တာချီလိတ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ သန်းခေါင်စာရင်းကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် မွန်းလွှဲ ၁ နာရီက ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းကောင်စာရင်းကော်မတီအတွင်းရေးမှူး ဦးမင်းနိုင်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးကျော်သက်နိုင်တို့က စာရင်းကောက်ကွက် ၄၀၉ ကွက်၊ စာရင်းကောက်အဖွဲ့ ၃၃ ဖွဲ့၊ စာရင်းကောက်အဖွဲ့ဝင် ၁၅၈ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာသန်းခေါင်စာရင်းကော်မတီဝင်များက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ရပ်ကွက်နှင့် ကျေးရွာများ၌ စာရင်းကောက်ယူရာတွင် တွေ့ကြုံနိုင်သော အခက်အခဲများအား ဆွေးနွေးတင်ပြရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော် (ပြန်/ဆက်)