ပုဗ္ဗသီရိ စက်တင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လ.ဝ.ကမှူး ဦးဘုန်းဟန်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား သင်တန်းဆင်းခန့်အပ်လွှာများ ပေးအပ်ခဲ့သည်၊၊
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စု၊ ကျေးရွာပေါင်း (၇၂)ရွာ၌ ကောက်ကွက်ပေါင်း(၃၀၉)ကွက်ရှိ၍ စာရင်းစစ်၊ စာရင်းကောက် (၁၃၉)ဦးဖြင့် မြို့နယ်အဆင့်/ ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ ပြင်ဆင်ထားရှိကာ ၂၀၂၄ခုနှစ် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)