ရေဘေးသင့်တိုင်းဒေသကြီးများသို့ ဆန်ရိက္ခာများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

ရန်ကုန် စက်တင်ဘာ ၂၉

နိုင်ငံတော်​အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး၏ ခွင့်ပြုချက်ဖြင့် ရေဘေးသင့်တိုင်းဒေသကြီးများသို့ အရေးပေါ်ဆန်ရိက္ခာအစီအစဉ်ဖြင့် လှူဒါန်းထားသော အရန်ဆန်ရိက္ခာများအား ရေဘေးသင့်တိုင်းဒေသကြီးများဖြစ်သည့် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတို့အား ကူညီထောက်ပံ့ပေးခဲ့သည်။

ယင်းသို့ထောက်ပံ့ပေးရာတွင် ယမန်မနေ့နံနက်မှစ၍ သန်လျင်သိုလှောင်ရုံမှ တိုင်းဒေသကြီး(၄)ခုသို့ စနစ်တကျရောက်ရှိရေးအတွက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(အဖွဲ့ခေါင်းဆောင်) ဦးတင့်နိုင် ကြီးကြပ်၍ တိုင်းဒေသကြီး(၄)ခုတို့အတွက် ဆန်အိတ်ပေါင်း (၂၄၀၆၇)အိတ်အား ထုတ်ပေးလျက်ရှိသည်။

ဆန်ထောက်ပံ့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် ရေဘေးသင့်ဒေသများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ရှမ်းပြည်နယ်တို့အား ဆန်အိတ်ပေါင်း (၆၁၁၈၂၂၅) အိတ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(ပြန်ဆက်)