မုဒုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

မုဒုံ စက်တင်ဘာ ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ..က () ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမင်းအောင်မြင့်က နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသောရင်းမြစ်တစ်ခုဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေနှင့် သန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက်ယူရာတွင် ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းနှင့် အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် အမှာစကားပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး မုဒုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ (၄၂)အား ကောက်ကွက်ပေါင်း (၂၆၆) တို့၌ စာရင်းစစ် (၂၂) ဦး၊ စာရင်းကောက် (၈၂)ဦးတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)