ပုဇွန်တောင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း သင်တန်းသားများ လက်တွေ့စမ်းသပ်ကောက်ယူ

ပုဇွန်တောင် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းတွင် စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယမန်နေ့နံနက် နာရီအချိန်က လက်တွေ့သင်ခန်းစာအတွက် သင်တန်းသားများက သင်တန်းခန်းမအတွင်း စမ်းသပ်ကောက်ယူခဲ့‌ကြကြောင်း သိရသည်။

ယင်းသင်တန်း၌ သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့်တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့်စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများစသည့် ဘာသာရပ်များကို သင်တန်းသားများအား စာတွေ့သင်ကြားပေးခဲ့ပြီး ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းခြင်းကို ယမန်နေ့တွင် စမ်းသပ်ကောက်ယူဆောင်ရွက်ကြခြင်းဖြစ်သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူ(၅၇)ဦး တက်ရောက်ခဲ့ကြပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်‌ပါကြောင်း သိရသည်။

ဟန်စုယဉ်