ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒဂုံတောင် စက်တင်ဘာ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၈)နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသူရိန်ဝင်းက အနာဂတ်ကျောင်းသားလူငယ်များအတွင်း သစ်တောသစ်ပင်များ ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းတတ်စေရန်နှင့် သစ်တောထွက်သယံဇာတပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်စေရန်တို့ကို ရည်ရွယ်၍ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။

အဆိုပါအခမ်းနားသို့ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ အင်အား (၂၀၀)ဦး ခန့် တက်ရောက်ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို သစ်တောဦးစီးဌာနမှ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ကျော်စွာမိုး (ဒဂုံတောင်)