ကျိုက်ထို စက်တင်ဘာ ၂၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ရုံး ဦးစီးအရာရှိ ဦးမောင်မောင်ဌေးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စာရင်းစစ်၊စာရင်းကောက် ခန့်အပ်လွှာများအား မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)