တာချီလိတ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်ရဲမေတို့၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းရာတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ၁၉ ဦး၊ ရေကြောင်းရဲတပ်ဖွဲ့မှ ၁၃ ဦး၊ မူးယစ်တပ်ဖွဲ့စုမှ လေးဦး၊ လေကြောင်းရဲတပ်ဖွဲ့စုမှ သုံးဦး၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့စုမှ သုံးဦး၊ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့စုမှ တစ်ဦး၊ သတင်းတပ်ဖွဲ့စုမှ တစ်ဦးနှင့် မိသားစုဝင်ရဲမေ ၁၅ ဦး စုစုပေါင်း ၆၈ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းကြသည့် သွေးအလှူရှင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ရဲမေများကို နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းနှင့်ဇနီး ဒေါ်သန့်ကြည်ဖြူစိုး၊ ရဲမှူးကြီး အောင်ဇော်မိုးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)