ကွမ်းခြံကုန်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့က မေတ္တာကျေးရွာ အခြေခံပညာအလယ်တန်းတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာ ဝတ်ရည်ဦးက ခွေးရူးရောဂါနှင့် ပတ်သက်၍ တိရိစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရိစ္ဆာန် (ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်အကြောင်းအရာများ၊ ခွေးရူးရောဂါဖြစ်ပွားနေသော ခွေး၏အမူအကျင့်များ စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူ(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                        

ဆွေနွယ်(ပြန်/ဆက်)