မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေး

မန္တလေး စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၆၂ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်း၊ ချမ်းမြသာစည်မြို့နယ်၌စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ်များ ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာ‌စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့