ဒဂုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဒဂုံ  စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  ကျောက်တံတားခရိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာမှ သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများကို မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်တာဝန်များ ပေးအပ်ပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် စတင်ကောက်ယူရမည်ဖြစ်ပြီး မိမိတို့ကို ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် သင်တန်းသူ၊ သင်တန်းသားများ၏ ကျန်းမာရေး အထူးဂရုစိုက်ကြရန် မှာကြားသွားကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူးစောပိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုး၀င်း၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ၀င်(၂) ဦးမြင့်အေး၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲစွာ၀င်းတို့မှ စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများ သင်တန်းသား၊ သင်တန်းသူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ အခမ်းအနားတက်ရောက်သူအင်အား (၁၀၀)‌ဦးရှိကြောင်း သတင်းရရှိသည်။

လဲ့လဲ့(ပြန်/ဆက်)