ဝမ်းတွင်း စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ(၁၁)ရက်မှ(၁၄)ရက် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ရေဝင်ရောက်ခဲ့သော ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်လျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်၌ စက်တင်ဘာ(၁၁)ရက်နေ့မှစတင်ကာ မိုးသည်းထန်းစွာရွာသွန်းခဲ့မှုကြောင့် တစ်ချို့ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ယခုအချိန်တွင် ကျောင်းသား/သူများပညာကို စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းများအတွင်း တင်ကျန်ခဲ့သော နုန်းများ၊ အမှိုက်များ၊ ရွှံမြေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ရဲမြင့်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်မြင့်၊ မြို့နယ်လုံခြုံရေးအရာရှိ ဗိုလ်ကြီးဝေဟန်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက ပြည်သူများနှင့်ပူးပေါင်းကာ ရေဝင်ရောက်ခဲ့သော ကျေးရွာအုပ်စုတစ်ခုဖြစ်သည့် ရိုးစုံကျေးရွာအုပ်စု၊ သပြေသာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(သပြေသာ)တို့တွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)