ကျောက်ဖြူမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ဖြူ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ ဂုံးချွိန်ကျေးရွာရှိ ပေါ်တော်မူ ကံ့ကော်တော ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၆)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ဝင်းမြင့်ထွန်းနှင့် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးမျိုးမြင့်တို့မှ အနီးကပ် ကြီးကြပ်ကွပ်ကဲ၍ တပ်ဖွဲ့ဝင်(၃၀)ဦး၊ မိသားစုဝင်(၂၀)ဦး၊ စုစုပေါင်း ၅၀ ဦးတို့မှ ဂုံးချွိန်ကျေးရွာရှိ ပေါ်တော်မူကံ့ကော်တောဘုရားသို့ သွားရောက်ကာ ၎င်းဘုရားပရဝုဏ် အတွင်း/အပြင် တို့အား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။

 

ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည့် မိသားစုဝင်များကို အမှတ်(၆)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးယာယီရဲမှူးကြီးဝင်းမြင့်ထွန်းနှင့် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးမြင့်တို့မှ ကောက်ညှင်းပေါင်းဖြင့် ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)