ပုသိမ်ကြီး စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသို့ လေ့လာရေးအနေဖြင့် Grace Preschool မှ မူကြိုကျောင်းသား/ကျောင်းသူကလေးငယ်လေးများသည် ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဌာနသို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ပုသိမ်ကြီး မီးသတ်စခန်းရှိ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်ကြီးများ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများ၊ မီးသတ်စခန်းရှိ မှတ်တမ်းဓာတ်ပုံများ၊ အစရှိသည်များကို မူကြိုကလေးငယ်များ လေ့လာခဲ့ကြသည်။ အဆိုပါစက်ကိရိယာပစ္စည်းများ ပြသပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ကလေးငယ်များ လေ့လာရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လေ့လာရေးသို့ Grace Preschool ကျောင်းအုပ်ကြီး ဒေါ်နော်အိအိဖြိုးနှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူ ကလေးငယ် ၃၀ ဦးတို့ လေ့လာခဲ့ရာ ကလေးငယ် (၆)ဦးအား၊ မီးသတ်ဝတ်စုံ၊ ရှာဖွေကယ်ဆယ်ရေးဝတ်စုံတို့ဖြင့် ရေပတ်ဖျန်းခြင်းတို့ကို လက်တွေ့ဆောင်ရွက်စေခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်