နမ့်စန်(တ) စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် နမ့်စန်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့က မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်ခန့်အပ်လွှာများကို ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား ဆရာမတစ်ဦး နှင့် Volunteer များကိုယ်စား သင်တန်းသူတစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းမှ ပညာရေးဝန်ထမ်း (၉၁) ဦး၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင်ရေး ပံ့ပိုးကူညီဆောင်ရွက်မည့် တပ်မတော်သား (၁၀) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများ (၃၁) ဦးနှင့် ရပ်ကွက်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသူ (volunteer) (၃၁) ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ (၁၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)