ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲ ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ထူချွန်ဆုနှင့် ဆုငွေများအား ပေးအပ်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ် ဒေါ်နန်းယုန်းက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့‌နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းသို့ ကျိုင်းတုံဒေသမှ သင်တန်းသူ (၃၀) ဦး တက်ရောက်ပြီး ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)