ကျိုင်းတုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီးလမ်းတွင် ပျက်စီးသွားသည့် လမ်း/တံတားများ ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၂၅ ရက်တွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ကျိုင်းတုံ-တောင်ကြီး ကားလမ်းတွင် တောင်ပြိုမြေဖယ်ရှားခြင်း၊ မြေသားပဲ့ကျမှုအား မြေဖို့ခြင်း၊ ရေလမ်းကြောင်းဖြောင့်ခြင်း၊ လမ်းသားပဲ့ကျနေရာများအား ပလတ်စတစ်အုပ် သဲအိတ်ကာရံထားခြင်း၊ မျောတုတ်ရိုက် မြေဖို့ခြင်း၊ ရေကာတန်း စသည့် ပြုပြင်ခြင်းလုပ်ငန်းများ စသည့် လမ်း/တံတားများ ပြုပြင်ဆောင်ရွက်နေမှုများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စည်ပင်သာယာရေးဌာနပိုင် ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းများ ပျက်စီးခဲ့ရာ အမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)